Collector
ကလေးမြို့တွင် စစ်တပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို ပေါ်တာဆွဲနေပြီး စလင်းမြို့နယ်တွင်လည်း စစ်မှုထမ်းကြေး မပေးသူများကို ခြိမ်းခြောက်ငွေတောင်းနေ | Collector
ကလေးမြို့တွင် စစ်တပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို ပေါ်တာဆွဲနေပြီး စလင်းမြို့နယ်တွင်လည်း စစ်မှုထမ်းကြေး မပေးသူများကို ခြိမ်းခြောက်ငွေတောင်းနေ
Khit Thit Media

ကလေးမြို့တွင် စစ်တပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို ပေါ်တာဆွဲနေပြီး စလင်းမြို့နယ်တွင်လည်း စစ်မှုထမ်းကြေး မပေးသူများကို ခြိမ်းခြောက်ငွေတောင်းနေ

ရန်ကုန်၊ ဇွန် ၇ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်သင် တန်းကျောင်းများသို့ ဆက်တိုက်ပို့ဆောင်နေကြောင်းကလေးမြို့ လူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကလေးမြို့တွင် ဇွန်လဆန်းပိုင်းမှ စတင်ကာ လမ်းဆုံများနှင့် လူစည်ကားရာ နေရာများ၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် နေ့စဉ် လူငယ် ၃၀ နီးပါး ဖမ်းဆီးခံနေရသည်။ ယခင်က ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် လိုက်လံရွေးထုတ်၍ ရသော်လည်း လက်ရှိတွင် ရွေးထုတ်ခွင့်မပေးတော့ဘဲ အသက်မပြည့်သေးသည့် ကလေးငယ်များကိုပါ မှတ်ပုံတင်အတင်းအကျပ်လုပ်ပေးကာ စခန်းကြီးကျေးရွာအနီးရှိ စစ်တပ်၏ လေ့ကျင့်ရေး – ၁၀ တပ်သို့ တိုက်ရိုက်ပို့ဆောင်နေကြောင်း သိရသည်။ […] The post ကလေးမြို့တွင် စစ်တပ်က နေ့စဉ် လူငယ် ၃၀ နီးပါးကို ပေါ်တာဆွဲနေပြီး စလင်းမြို့နယ်တွင်လည်း စစ်မှုထမ်းကြေး မပေးသူများကို ခြိမ်းခြောက်ငွေတောင်းနေ appeared first on Khit Thit Media .

Go to News Site