Khit Thit Media
ရန်ကုန်၊ ဇွန် ၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ လည်ငေါက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့ပေါ်မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လည်ငေါက်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ “ဒီနေ့မနက်ပိုင်းက ယင်းမာပင်မြို့ပေါ်ကနေ ထွက်လာပြီး လည်ငေါက်ရွာကို ဝင်မီးရှို့တာ။ ရွာထဲက နေအိမ်တော်တော်များများ မီးလောင်သွားတယ် ကြားတယ်။ စစ်ခွေးတွေက ပြည်သူပိုင်နေအိမ်တွေကို ဝင်မွှေပြီး ပစ္စည်းတွေ ခိုးယူပြီးမှ မီးရှို့တာ။ အခုတော့ စစ်ခွေးစစ်ကြောင်းက ယင်းမာပင်မြို့ဘက်ကို […] The post ယင်းမာပင်တွင် စစ်တပ်က လည်ငေါက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်ရွာတွင်လည်း စစ်တပ်က နေအိမ်ရှိ သံတံခါးနှင့် ကျွန်တံခါးများမကျန် ဖြုတ်ယူ ရောင်းစားနေ appeared first on Khit Thit Media .
Go to News Site