Khit Thit Media
ရန်ကုန်၊ ဇွန် ၇ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် (Chonburi) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်းကို ဝိုင်းဝန်းရိုက်နှက် ကြိုးတုပ်ပြီး ဘတ် ၆ သိန်းခန့် (၆၀၀,၀၀၀ ဘတ်) တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးများကို ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဇွန်လ ၄ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်မှ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန်အတွင်း ချွန်ဘူရီခရိုင်၊ ဘန်ဘွန်မြို့နယ် (Ban Bueng) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စီစီတီဗီ (CCTV) ကင်မရာမှတ်တမ်းများအရ လူ ၁၀ ဦးထက်မနည်းပါဝင်သည့် လူဆိုးဂိုဏ်းသည် လုံခြုံရေးဝန်ထမ်းကို ဝိုင်းဝန်းတိုက်ခိုက်ကာ လက်ခြေများကို ကြိုးဖြင့်တုပ်နှောင်ခဲ့ပြီး၊ […] The post ထိုင်းနိုင်ငံ၊ ချွန်ဘူရီတွင် လုံခြုံရေးဝန်ထမ်းအား ကြိုးတုပ်ကာ ဘတ် ၆ သိန်းတန် လျှပ်စစ်ကေဘယ်ကြိုးများ ခိုးယူခဲ့သည့် မြန်မာဓားပြဂိုဏ်းဝင် ၄ ဦးကို ဖမ်းဆီးရမိ၊ ဂိုဏ်းခေါင်းဆောင် လွတ်နေဆဲ appeared first on Khit Thit Media .
Go to News Site