Khit Thit Media
ရန်ကုန်၊ ဇွန် ၇ ရန်ကုန်မြို့နေရာအနှံ့အပြားရှိ ကွန်ဒိုမီနီယမ်များနှင့် အိမ်ရာဝင်းများတွင် တရုတ်အွန်လိုင်းငွေလိမ် လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဖြန့်ကျက်လုပ်ကိုင်နေသော သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြပြီးနောက် စစ်တပ်၊ရဲ၊ ပျူစောထီးနှင့်ထွေ/အုပ်တို့က မြန်မာပြည်နွယ်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ၊ နေအိမ်များကို လိုက်လံစီးနင်းဖမ်းဆီး၍ ငွေညှစ်ခြင်းများ စတင်လုပ်ဆောင်နေကြောင်း ငွေညှစ်ခံနေရသည့် စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က အမှန်တကယ် ကျားဖြန့် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသော တရုတ်များ၏ ကျားဖြန့် လုပ်ငန်းများကို ဝင်ရောက်ရှာဖွေ စီးနင်းခြင်းမပြုဘဲ မြန်မာပြည်နွယ်ဖွား မြန်မာ နိုင်ငံသား တရုတ်များ၏ တရားဝင် စီးပွားရေးလုပ်ငန်းအချို့ကိုလည်း ကျားဖြန့်ခေါင်းစဉ်တပ်ကာ ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ လူငယ်ဝန်ထမ်းရာပေါင်းများစွာကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လာခြင်းနှင့် ငွေညှစ်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ဇွန်လ ၅ […] The post ရန်ကုန်တွင် ကျားဖြန့်စစ်ဆင်ရေးဟုဆိုကာ မြန်မာပြည်ဖွား တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်၊ ကွန်ဒိုများကို စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ထွေ/အုပ်တို့က လိုက်လံစီးနင်းဖမ်းဆီး စစ်ဆေး ငွေညှစ်နေ appeared first on Khit Thit Media .
Go to News Site