Collector
ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော | Collector
ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော
Popular Journal

ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော

Credit to Popular Journal - ပုဂံဒေသရှိ  ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။ ယမန်နေ့ က  ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို သွားရောက်ကြည့်ရူစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူမပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်ပြန်ဆိုမှုများကိုပါ ပြသသွားရန် လည်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရွာဟောင်းကြီး ရေကန်တူးဖော်ထားမှု၊ Buddhist Complex တူးဖော်ဆောင်ရွက်ခဲ့မှု၊ ရွှေနန်းရင်တော်ကန်-၁ ရေကန်ဆယ်ယူထိန်းသိမ်းထားမှု၊ ဓမ္မရံကြီးဂူဘုရားနှင့် စူဠာမဏိဂူဘုရား ပြုပြင်ထိန်းသိမ်းထားမှု၊ […] The post ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော appeared first on Popular .

Go to News Site