Collector
တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား | Collector
တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
Popular Journal

တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

Credit to Popular Journal - ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တောင်ငူအထွေထွေပြည်သူ့ဆေးရုံကြီးကို ကုတင်(၃၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တောင်ငူမြို့အထွေထွေပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ငူပြည်သူ့ဆေးရုံကြီး၌ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာဆောင်များတွင် တက်ရောက်ကုသနေသည့် လူနာများ၏ ကျန်းမာရေးအခြေအနေများ၊ ကုသစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုမေးမြန်းကာ အားပေးစကားပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆေးရုံအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် အထောက်အကူပြုပစ္စည်းများကို ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တောင်ငူမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် […] The post တောင်ငူဆေးရုံကို ကုတင်(၃၀၀)ဆံ့ အဆင့်မြှင့်တင်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား appeared first on Popular .

Go to News Site