Popular Journal
Credit to Popular Journal - ၁၉၅၄ ခုနှစ်ကချမှတ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၈ ရက်ညနေပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ်ရုပ်ရှင်ရုံ၌ကျင်းပသော “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်”ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် တရုတ်နိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အပြည့်အဝထောက်ခံကြိုးပမ်းပေးခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် “တရုတ်တစ်နိုင်ငံတည်း မူဝါဒ”ကို အခြေခံကျသည့် မူဝါဒအဖြစ် ခိုင်မာစွာကျင့်သုံးလျက်ရှိပြီး နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေရန်အတွက် ယင်း မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောသည်။ “နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံအကျိုးစီးပွားအတွက် က ဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနက်ရှိုင်းစေဖို့ တရုတ်နိုင်ငံနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု နိုင်ငံတော်သမ္မတက အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး၊ […] The post မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာဟု နိုင်ငံတော်သမ္မတပြော appeared first on Popular .
Go to News Site