Khit Thit Media
ရန်ကုန်၊ ဇွန် ၈ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရေဂမိုးရွာနှင့် ထုံးဘိုရွာရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၇ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ရှားကွဲကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးဝန်းကျင်ရှိ ရေဂမိုးကျေးရွာနှင့် ထုံးဘိုကျေးရွာ အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုအကြမ်းဖက် စစ်တပ်သည် ခူကြီးကျေးရွာရှိ နေအိမ်များကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် […] The post ဝက်လက်မြို့နယ်တွင် စစ်တပ်က ရေဂမိုးရွာနှင့် ထုံးဘိုရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၇ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ appeared first on Khit Thit Media .
Go to News Site