Collector
Giriş Yap
ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော စစ်အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင် | Collector
ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော စစ်အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်

ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော စစ်အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်

ရန်ကုန်၊ ဇွန် ၈ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၄ ရက်နှင့် ဇွန်လ ၅ ရက်နေ့တို့တွင် ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ရွာအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းကုန်းကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်များကဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်တပ် အရာရှိများကိုလည်း လူနာတင်ကားဖြင့် ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် ရွှေတောင် စစ်ဆေးရုံတွင်လည်း ဒဏ်ရာရ […] The post ပန်းတောင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော စစ်အရာရှိများကို ရွှေတောင်မြို့ စစ်ဆေးရုံသို့ ပို့ဆောင် appeared first on Khit Thit Media .

Go to News Site