Khit Thit Media
ရန်ကုန်၊ ဇွန် ၈ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ပြည်သူများအားလုံး မြို့တွင်းမှ ထွက်ခွာတိမ်းရှောင်ပေးရန် KIA တပ်မဟာ ၁၁ တပ်ရင်း ၁၂ က ယနေ့ ဇွန်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန် သတိပေးလိုက်သည်။ ယနေ့ ဇွန်လ ၈ ရက်နေ့မှစတင်၍ ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ ရွှေကူမြို့အတွင်းရှိ ပြည်သူများ အားလုံး ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ပြည်သူများအနေဖြင့် တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွား လမ်းပိုင်းကိုသာ အသုံးပြုရန်နှင့် ပိတ်ပင်ထာသော လမ်းပိုင်းများကို သွားလာပါက နောက်ဆက်တွဲဖြစ် ပေါ်လာမည့် ပြဿနာများကို KIO/KIA က လုံးဝ တာဝန်ယူသွားမည် မဟုတ်ကြောင်း အသိပေး […] The post ရွှေကူမြို့မှ ပြည်သူများအားလုံး မြို့တွင်းမှ ထွက်ခွာ တိမ်းရှောင်ပေးရန် KIA သတိပေး appeared first on Khit Thit Media .
Go to News Site