Khit Thit Media
ရန်ကုန်၊ ဇွန် ၈ ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်၊ လာ့လွမ်ကော်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ရှာဖွေပေးနေသည့် အသက် ၄၃ နှစ်အရွယ် မြန်မာပွဲစားအမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရကြောင်း ထိုင်းသတင်းများအရ သိရသည်။ ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်အချိန် ပထုံထာနီခရိုင်၊ လာ့လွမ်ကော်မြို့နယ်၊ နမိုင်းရပ်ကွက်ရှိ အစ္စလာမ်ပညာရေးမြှင့်တင်မှုဖောင်ဒေးရှင်းအနီး နေအိမ်တစ်လုံးအတွင်း လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လာ့လွမ်ကော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်အိပ်ခန်းအတွင်း သွေးအိုင်ထဲ၌ လဲကျသေဆုံးနေသည့် အသက် ၄၃ နှစ်အရွယ် မြန်မာပွဲစားအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သေဆုံးသူ မြန်မာအမျိုးသမီးသည် အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေပြီး ၎င်း၏ လည်ပင်းတွင်လည်း မျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် တင်းကျပ်စွာ […] The post ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ရှာဖွေပေးသည့် အသက် ၄၃ နှစ်အရွယ် မြန်မာပွဲစားအမျိုးသမီးတစ်ဦး အသတ်ခံရ appeared first on Khit Thit Media .
Go to News Site