Collector
အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင် | Collector
အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင်
Popular Journal

အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင်

Credit to Popular Journal - အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အီရန်အမျိုးသားဘောလုံးအသင်း ကစားသမားများအတွက် အမေရိကန်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ အီရန်အသင်း သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဗီဇာထုတ်ပေးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွမ် ဘားရက်ခ်က ဗီဇာထုတ်ပေးထားမှုကို အတည်ပြုခဲ့ပြီး အားကစားသည် နိုင်ငံရေးနှင့် နယ်နိမိတ်ကန့်သတ်ချက်များကို ကျော်လွန်သည့် ပေါင်းကူးတံတားတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အီရန်နိုင်ငံပိုင် ဖားစ်သတင်းဌာန၏ ဖော်ပြချက်အရ အသင်း၏ နည်းပြအဖွဲ့နှင့် စီမံခန့်ခွဲရေးဝန်ထမ်းအချို့မှာ ဗီဇာရရှိခြင်းမရှိသေးကြောင်း သိရသည်။ အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ ဆက်လက်ရှိနေပြီး ဟော်မုဇ်ရေလက်ကြား လုံခြုံရေး၊ ဒရုန်းတိုက်ခိုက်မှုများနှင့် ဒေသတွင်း လုံခြုံရေးအခြေအနေများကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အကဲဆတ်နေဆဲဖြစ်သည်။ အမည်မဖော်လိုသည့် […] The post အမေရိကန်ဗီဇာရရှိသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် အီရန်အသင်း စတင်ပြင်ဆင် appeared first on Popular .

Go to News Site