Collector
ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ | Collector
ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
Khit Thit Media

ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၆ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်တပ်၏ အားအထားရဆုံး ပျူစောထီးကျေးရွာတစ်ရွာဖြစ်သော ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် လက်နက်မချဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ပျူစောထီးအဖွဲ့ဝင် ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ပေါက်မြို့နယ်အတွင်း ပျူစောထီးအင်အား ရာချီရှိပြီး ပေါက်ကိုယ်တော် (အာရိယာဝံသ) ၏ အားအထားရဆုံး ခံတပ်ဖြစ်သည့် ကုက္ကိုလ်စုကျေးရွာနှင့် ရေပြာရဲစခန်းတို့မှာ ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းပိုက်မှုအောက်သို့ ကျရောက်ခဲ့သည်။ ထိုသို့ ကျေးရွာကျဆုံးသွားပြီးနောက် ရွာအတွင်းရှိ ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် လက်နက်မချဘဲ မြိုင်မြို့နယ်ရှိ စက်မှုဇုန် ၂ ဘက်သို့ လက်နက်အပြည့်အစုံဖြင့် တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ လက်နက်ကိုင်ဆောင် ထွက်ပြေးမှုကြောင့် […] The post ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာမှ လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး ၇၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ appeared first on Khit Thit Media .

Go to News Site