Popular Journal
Credit to Popular Journal - ရန်ကုန်၊ ဇွန် ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ မြန်မာ့ပြောင်းတန်ချိန် ၁.၃ သန်းကျော် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ လက်ရှိ ဘဏ္ဍာနှစ်အစောပိုင်းကာလအတွင်း ပြောင်းတန်ချိန် ၁ သိန်းခန့်ကို တင်ပို့ပြီးစီးထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင် ယခုအချိန်၌ ပြောင်းတစ်ကီလိုလျှင် ၁၁.၇ ဘတ်အထိ ဈေးကောင်းရရှိနေသော်လည်း ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် ၁ သန်းဝယ်ယူရန် စာချုပ်ချုပ်ဆိုထားသဖြင့် လာမည့်ကာလတွင် ထိုင်းဈေးကွက်အတွင်း ပြောင်းဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ထားကြသည်။ လက်ရှိအချိန်တွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံက ဈေးအမြင့်ဆုံးဖြင့် အများဆုံးဝယ်ယူနေပြီး ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ အဓိကတင်ပို့နေရကြောင်း သိရသည်။ ထိုင်းဘက်မှ ဝယ်လိုအား လျော့ကျလာပါက အခြားဝယ်လိုအားရှိသည့် အာဆီယံဒေသတွင်းနိုင်ငံများသို့ တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ […] The post ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာ့ပြောင်း တန်ချိန် ၁.၃ သန်းကျော် ပြည်ပတင်ပို့ရန် မျှော်မှန်း appeared first on Popular .
Go to News Site