Collector
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU ရုရှား-မြန်မာ လက်မှတ်ရေးထိုး | Collector
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU ရုရှား-မြန်မာ လက်မှတ်ရေးထိုး
Popular Journal

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU ရုရှား-မြန်မာ လက်မှတ်ရေးထိုး

Credit to Popular Journal - ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနှင့် မြန်မာကုမ္ပဏီများအကြား ဇွန်လ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ MoU ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်တို့မှ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး စာချွန်လွှာများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF 2025) ကာလအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ […] The post ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အရှိန်မြှင့်မည့် ဓာတ်အားပေးစက်ရုံ MoU ရုရှား-မြန်မာ လက်မှတ်ရေးထိုး appeared first on Popular .

Go to News Site