Popular Journal
Credit to Popular Journal - ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၇၇ လုံးအနက် ၃၉ လုံးကို ဖြိုချဖျ-က်ဆီးပြီးဖြစ်ကာ ကျန်ရှိသည့် ၃၈ လုံးကိုလည်း ဆက်လက်ဖျ-က်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါနယ်မြေများရှိ တရားမဝင်အဆောက်အအုံများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများကို စနစ်တကျ ရှင်းလင်းဖျက်ဆီးလျက်ရှိပြီး ဇွန် ၆ ရက်အထိ အဆောက်အအုံ ၃၉ လုံးကို ဖျ-က်ဆီးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဖျ-က်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၇၇ လုံးအနက် ၅၇ လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချသွားမည်ဖြစ်ပြီး ကျန် ၂၀ လုံးကို ဖေ-ာက်ခွဲဖျ-က်ဆီးမည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို နိုင်ငံအတွင်း အခြေမပြုနိုင်စေရေးအတွက် […] The post ရွှေကုက္ကိုလ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွှယ်သည့် တရားမဝင်အဆောက်အအုံ ၃၉ လုံး ဖျ-က်ဆီးပြီး၊ ကျန် ၃၈ လုံး ဆက်လက်ရှင်းလင်းမည် appeared first on Popular .
Go to News Site