Collector
Giriş Yap
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဟု မင်းအောင်လှိုင် အပြစ်တင် | Collector
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဟု မင်းအောင်လှိုင် အပြစ်တင်

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဟု မင်းအောင်လှိုင် အပြစ်တင်

ရန်ကုန်၊ ဇွန် ၁၀ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ ပြည်တွင်းပြည်ပသွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ ကန့်ကွက်ခဲ့မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြောဆိုလိုက်သည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အပြစ်တင်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ မြစ်များနှင့် ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ သို့ရာတွင် ရေရှည်ဖြစ်ပေါ်လာမည့် အကျိုးရလဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကို မလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နေကြသူများ၏ စကားများကို နားယောင်ကာ ကန့်ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း အကြမ်းဖက်မင်းအောင်လှိုင်က အပြစ်တင်သည် အကယ်၍ […] The post မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ နှောင့်နှေးနေရဆဲဟု မင်းအောင်လှိုင် အပြစ်တင် appeared first on Khit Thit Media .

Go to News Site