Khit Thit Media
ရန်ကုန်၊ ဇွန် ၉ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ နှစ်ရုံတွင် အလုပ်သမားအခွင့်အရေးများ ပိတ်ပင်ချိုးဖောက်ခံရခြင်း အချိန်ပို (OT) အဓမ္မဆင်းခိုင်းခြင်းနှင့် ခြိမ်းခြောက်အော်ဟစ်ဆဲဆိုခြင်းများ ကြုံတွေ့နေရသဖြင့် အလုပ်သမားများက မကျေမနပ်ဖြစ်ကာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားနေကြောင်း လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများထံမှ သိရှိရသည်။ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ် ၁၄၀ ရှိ အလုပ်သမားဦးရေ ၁,၀၀၀ ကျော်ဖြင့် လည်ပတ်နေသော U&G (Myanmar) Fashion Co., Ltd (GTIG-1) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများအား တစ်ရက်ခြား တစ်ခါ ညနေ ၆ နာရီမှ ညဉ့်နက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်အထိ အချိန်ပို (OT) များကို အတင်းအဓမ္မ ဖိအားပေးခေါ်ယူနေသည်မှာ တစ်လကျော်ခန့် ရှိနေပြီ […] The post ရွှေပြည်သာမြို့နယ်၊ U&G နှင့် LIDA Myanmar အထည်ချုပ်စက်ရုံတို့ တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားနေ appeared first on Khit Thit Media .
Go to News Site