Khit Thit Media
ရန်ကုန်၊ ဇွန် ၉ အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတအဖြစ် တက်ရောက်ရန် ဆန္ဒပြင်းပြနေသော အကြမ်းဖက် မင်းအောင် လှိုင်က လာအိုနိုင်ငံခြားရေးဝန်ကြီးကိုလည်း နေပြည်တော်သို့ လာရောက် ဖိတ်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လာအိုမှ လာသောသတင်းများအရ သိရှိရသည်။ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန် ဖွန်ဗီဟန် (Thongsavanh Phomvihane)သည် ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ နေပြည်တော်သို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်၊ စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။ “ရက် ၁၀၀ စီမံချက်အတွင်းမှာ အာဆီယံနိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအားလုံးကို နေပြည်တော်ကို ဖိတ်ကြားနေတာပါ။ ဒီဖိတ်ကြားမှုက မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသိုက်အ၀ိုင်းထဲ […] The post အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတအဖြစ် တက်ရောက်ရန် ဆန္ဒပြင်းပြနေသော မင်းအောင်လှိုင်က လာအိုနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်သို့ ဖိတ်ကြားပြန် appeared first on Khit Thit Media .
Go to News Site