Collector
Giriş Yap
မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆို | Collector
မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆို

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆို

ရန်ကုန်၊ ဇွန် ၉ မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို (Sugiono) က နေပြည်တော်သို့ လာရောက်စဉ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ ဇွန်လ ၈ ရက်နေ့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ သဝဏ်လွှာကို မင်းအောင်လှိုင်ထံသို့ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးကို အင်ဒိုနီးရှားနိုင်ငံက ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ […] The post မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆို appeared first on Khit Thit Media .

Go to News Site