Khit Thit Media
ရန်ကုန်၊ ဇွန် ၉ မြန်မာနိုင်ငံ၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း တစ်ခုတွင် အဓမ္မကျွန်ပြုခိုင်းစေခြင်း ခံထားရသည့် ရုရှားအမျိုးသမီး ၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရုရှားသံရုံးက ယမန်နေ့ သတင်းထုတ်ပြန်သည်။ အဆိုပါ ရုရှားအမျိုးသမီးသည် ပြီးခဲ့သည့် ဧပြီလပိုင်း ပြည်ပတွင် အလုပ်အကိုင်ရရှိမည်ဟူသော ကမ်းလှမ်းချက်ကို လက်ခံကာ ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင် (Karen National Region, Myawadi District) အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်မည်ဟူသော ခြိမ်းခြောက်မှုများအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ရန် အဓမ္မဖိအားပေး စေခိုင်းခြင်း ခံခဲ့ရသည်။ ရုရှားအမျိုးသမီးက ဇွန်လဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ ရုရှားသံရုံးကိုယ်စားလှယ်အဖွဲ့ထံသို့ ၎င်းကိုယ်တိုင် ဆက်သွယ်၍ […] The post မြ၀တီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် လိမ်လည်ခေါ်ယူ ကျွန်ပြုခိုင်းစေခံနေရသည့် ရုရှားအမျိုးသမီး ၁ ဦးကိုကယ်ထုတ်၊ မြန်မာနိုင်ငံမှ အလုပ်ခေါ်ယူမှုများနှင့်ပတ်သက်၍ သတိထားရန် ရန်ကုန်ရှိ ရုရှားသံရုံးက သတိပေး appeared first on Khit Thit Media .
Go to News Site