Khit Thit Media
ရန်ကုန်၊ ဇွန် ၉ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ထားပြီး ယနေ့တွင် ထန်းပင်ကုန်းရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် အနေအိမ်အများအပြား မီးလောင်ပြာကျကာ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများနေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာ အနောက်ကုန်းရှိ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာကို ရောက်ရှိနေစဉ် […] The post အုတ်ဖိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ထားပြီး ယနေ့တွင် ထန်းပင်ကုန်းရွာကို မီးရှို့ဖျက်ဆီးမှု အနေအိမ်အများအပြား မီးလောင်ပြာကျ၊ ထောင်နှင့်ချီသော ပြည်သူများလည်း ဆက်လက် တိမ်းရှောင်နေရ appeared first on Khit Thit Media .
Go to News Site