Popular Journal
Credit to Popular Journal - အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင် ဖလင်များကို စနစ်တကျထားသိုထိန်းသိမ်းခြင်းနှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ရေရှည်ထိန်းသိမ်းနိုင်ရေးနည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဖလင်ဟောင်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲမြှင့်တင်နိုင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ Prasad Group (Prasad Corporation) သည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ရုပ်ရှင်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောလိဝုဒ်ဂန္ထဝင်ဇာတ်ကားများအပါအဝင် နိုင်ငံတကာရုပ်ရှင်ပေါင်း ၄,၀၀၀ ကျော်ကို ဒီဂျစ်တယ်နည်းပညာဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းပေးခဲ့သည့် ရုပ်ရှင်မော်ကွန်းထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ The post မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad Group နှင့် ပူးပေါင်းဆွေးနွေး appeared first on Popular .
Go to News Site