Popular Journal
Credit to Popular Journal - ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Dr. Md. Monwar Hossain ကို နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ လက်ခံတွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။ တွေ့ဆုံစဉ် ရွေးကောက်ပွဲအပြီး လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းပုံနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ The post ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လက်ခံတွေ့ဆုံအွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေးဥပဒေကြမ်းအပါဝင် ဥပဒေပြုရေးလုပ်ဆောင်နေမှုများဆွေးနွေး appeared first on Popular .
Go to News Site