Collector
Giriş Yap
ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများ ပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည် | Collector
ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများ ပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည်

ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများ ပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည်

Credit to Popular Journal - ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ ဟူစိန်တို့၏ ဆွေးနွေးချက်များအရ သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးတို့သည် ဇွန် ၉ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အိမ်နီးချင်းကောင်းပီသမှု၊ စစ်မှန်သည့် စိတ်ဆန္ဒတို့အပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့ စိစစ်ရန်ပေးအပ်ထားသည့် နေရပ်စွန့်ခွာသူများစာရင်းအပေါ် မြန်မာနိုင်ငံဘက်ကစိစစ်ပြီးစီးမှုကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ The post ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများ ပြန်လည်လက်ခံရာ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မည် appeared first on Popular .

Go to News Site