Collector
Giriş Yap
နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့ | Collector
နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့

နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့

Credit to Popular Journal - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ဝန်းသိုမဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေတို့ကဆွေးနွေးရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ “လက်ရှိအခြေအနေမှာ နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အဓိကအသုံးပြုရတဲ့ ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေဖို့ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့နဲ့ အခြေခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေဖို့ကို အဓိကဦးတည်ပြီး ဒီဇယ်ဆီ HSD (500 ppm) ကို ကင်းလွတ်ခွင့်ပေးခြင်းဖြစ်ပါတယ်” ဟု ဒု-ဝန် ကြီး ဦးဟန်ဝင်းအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။ […] The post နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD (500ppm) အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရေးကို ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့ appeared first on Popular .

Go to News Site