Popular Journal
Credit to Popular Journal - တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၉ ရက်နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော တိုင်း (သို့) ပြည်နယ်ဝန်ကြီးများ၊ တိုင်း (သို့) ပြည်နယ်ဥပဒေချုပ်များ၊ တိုင်း (သို့) ပြည်နယ်စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်း (သို့) ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်း (သို့) ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် မြို့တော်ဝန်များ ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တင်ပြပြီးမှတ်တမ်းတင်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကက ဦးအောင်လင်းဒွေးက ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံ ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများဖြစ်သော ဂျပန်-မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအို အူဆုအိနှင့် ညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကို […] The post နိုင်ငံတော်သမ္မတပေးပို့သည့် တိုင်း/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် သက်ဆိုင်ရာ ရာထူးအလိုက် ခန့်အပ်တာဝန်ပေးခြင်းကို ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင် appeared first on Popular .
Go to News Site