Popular Journal
Credit to Popular Journal - အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ တရားဝင်ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှတိုက်အဆင့်ကလပ်ပြိုင်ပွဲတစ်ခုဖြစ်သည့် AFC Challenge League (ACGL) တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ခွင့်နေရာ (၂) နေရာရရှိခဲ့ကြောင်း သိရသည်။ ဝင်ခွင့်သတ်မှတ်ချက်များအရ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြီးခဲ့သည့်ရာသီ မြန်မာနေရှင်နယ်လိဂ်(MNL) ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ဒုတိယရရှိခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲပုံစံသတ်မှတ်ချက်များအရ မြန်မာလိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ACGL ပြိုင်ပွဲ ၏ အုပ်စုအဆင့်မှစတင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းမှာမူ အုပ်စုအဆင့်တက်လှမ်းနိုင်ရန် ခြေစစ်ပွဲအဆင့်မှစတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် ၂၀၂၆-၂၀၂၇ ရာ သီအတွက် အာရှအဆင့်မြင့်ကလပ်ပြိုင်ပွဲများဖြစ်သော ACL Elite၊ ACL Two နှင့် ACGL ပြိုင်ပွဲများတွင် […] The post အာရှစင်မြင့်ထက်က မြန်မာဘောလုံးကလပ်(၂) သင်း၏ စိန်ခေါ်မှုအသစ် ACGL တွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရ appeared first on Popular .
Go to News Site