တရုတ်က အင်န်တီလုပ်ပ် သန္တာကျောက်တန်းမြေဖို့တည်ဆောက်မှုများတိုးမြှင့်လုပ်‌ဆောင်လာခြင်းကို ဗီယက်နမ်နိုင်ငံကကန့်ကွက်ရှုတ်ချ
Popular Journal

တရုတ်က အင်န်တီလုပ်ပ် သန္တာကျောက်တန်းမြေဖို့တည်ဆောက်မှုများတိုးမြှင့်လုပ်‌ဆောင်လာခြင်းကို ဗီယက်နမ်နိုင်ငံကကန့်ကွက်ရှုတ်ချ

Credit to Popular Journal - ဟနွိုင်းမြို့၊ မတ်လ ၂၂ ရက် အငြင်းပွားဖွယ်ရာ ပါရာဆဲလ်ကျွန်းစု အတွင်းရှိ အင်န်တီလုပ်ပ် သန္တာကျောက်တန်း၌ တရုတ်နိုင်ငံက သောင်တူးခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ဗီယက်နမ်အစိုးရက ပေကျင်းအစိုးရထံ ကန့်ကွက်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ “ဗီယက်နမ်နိုင်ငံအနေနဲ့ ဒီလိုလုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရပ်တည်ချက်ကိုလည်း အခိုင်အမာ ထပ်လောင်းပြောကြားလိုပါတယ်” ဟု ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်း က စနေနေ့တွင် ပြောကြားခဲ့သည်။ အင်န်တီလုပ်ပ် သန္တာကျောက်တန်းအပါအဝင် ပါရာဆဲလ်ကျွန်းစုအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ဗီယက်နမ်နိုင်ငံတွင် နိုင်ငံတကာဥပဒေနှင့်အညီ “ခိုင်လုံသော သမိုင်းဝင်အထောက်အထားများနှင့် ဥပဒေကြောင်းအရ အခြေခံများ” ရှိကြောင်း သူက ဆိုသည်။ထို့အပြင် ဗီယက်နမ်၏ ခွင့်ပြုချက်မရှိဘဲ အဆိုပါရေပိုင်နက်အတွင်း မည်သည့်နိုင်ငံခြားသားမဆို လုပ်ဆောင်သည့် လုပ်ငန်းစဉ်များသည် “လုံးဝ […] The post တရုတ်က အင်န်တီလုပ်ပ် သန္တာကျောက်တန်းမြေဖို့တည်ဆောက်မှုများတိုးမြှင့်လုပ်‌ဆောင်လာခြင်းကို ဗီယက်နမ်နိုင်ငံကကန့်ကွက်ရှုတ်ချ appeared first on Popular .

Go to News Site