Popular Journal
Credit to Popular Journal - တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ကို မှောင်ခိုတင်သွင်းရန်ကြိုးစားသည့် ၁၀ ဘီး ဆီတင်ကားယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြည်နယ်အရာရှိများသည် သတင်းပေးချက်အရ မဲဆောက်ခရိုင် ထာဆိုင်လွတ်မြို့ အမှတ် ၃ ကျေးရွာအနီးတွင် ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။ ပြုပြင်မွမ်းမံထားသော ၁၀ ဘီးကားသည် ဒီဇယ်ဆီ လီတာ ၂၀,၀၀၀ ကို တရားမဝင်သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သည်။ ကားကို မည်သို့မည်ပုံ ပြုပြင်ထားသည်ကိုမူ သတင်းများတွင် မဖော်ပြခဲ့ပေ။ ကွင်းဆက်လိုက်ရှာဖွေခဲ့ရာတွင် အနီးနားရှိ ဂိုဒေါင်တစ်လုံး၌ လောင်စာဆီသိုလှောင်ရန် အသုံးပြုသည့် စက်ပစ္စည်းများနှင့် ဆီကွန်တိန်နာ များကို တွေ့ရှိခဲ့သည်။ ၎င်းတွင် ဆီ ၃၀၀ လီတာခန့်ကျန်ရှိနေသေးသော လီတာ […] The post မြန်မာသို့ဒီဇယ်ဆီမှောင်ခိုသွင်းသောဆီတင်ကား မဲဆောက်တွင် ဖမ်းဆီးခံရ appeared first on Popular .
Go to News Site