Popular Journal
Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီး၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့(မတ်လ ၂၃ ရက်)၊ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ “အခမ်းအနားဆိုသည်မှာ သတ်မှတ်ထားသော အချိန်၊ နေရာနဲ့ ပုံစံတကျဓလေ့ထုံးတမ်းများ သို့မဟုတ် နိုင်ငံတော်အဆင့် ရည်ရွယ်ချက်များနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပတဲ့ပွဲများဖြစ်ပါတယ်။ အခမ်းအနား အောင်မြင် ချောမောစေရေးအတွက် အရေးကြီးဆုံးသည် အခမ်းအနားမှူး(Master of Ceremony)(MC)က ဦးဆောင်စီစဉ်ပေးရသူများဖြစ်တဲ့အတွက် သင်တန်းက ပို့ချချက်တွေကို အကောင်းဆုံးလေ့လာသင်ယူပြီး အခမ်းအနားများစွာကို ဦးဆောင်ကျင်းပနိုင်တဲ့ အခမ်းအနားမှူးကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြ စေလိုပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြောကြားသည်။ အဆိုပါ သင်တန်းကို ၃ ရက်ကြာကျင်းပမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ဆရာမများ စုစုပေါင်း(၃၆)ဦး […] The post ပုသိမ်မြို့၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှဆရာမများ စုစုပေါင်း(၃၆)ဦး တက်ရောက် appeared first on Popular .
Go to News Site