၂၀၂၆ နွေရာသီ အခြေခံဘောလုံးသင်တန်းက ကလေးငယ်များရဲ့ ပုံရိပ်များ
Popular Journal

၂၀၂၆ နွေရာသီ အခြေခံဘောလုံးသင်တန်းက ကလေးငယ်များရဲ့ ပုံရိပ်များ

Credit to Popular Journal - မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးဖွင့်လှစ်ထားတဲ့ ၂၀၂၆ နွေရာသီ အခြေခံဘောလုံးသင်တန်းမှာ တက်ရောက်နေတဲ့ ကလေးငယ်တွေဟာ ဘောလုံး အခြေခံနည်းစနစ်တွေကို ပျော်ပျော်ပါးပါး လေ့ကျင့်သင်ယူနေကြပါတယ်။ ဒီသင်တန်းမှာ အသက်အရွယ်အလိုက် အုပ်စုခွဲပြီး နည်းပြတွေက စနစ်တကျ သင်ကြားပေးနေတာပါ။ ကလေးငယ်တွေအနေနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ အချိန်ကိုအကျိုးရှိရှိ အသုံးချရင်း ကျန်းမာကြံ့ခိုင်မှုနဲ့အတူ အသင်းအဖွဲ့စိတ်ဓာတ်တွေကိုပါ လေ့ကျင့်ခွင့်ရနေကြတာဖြစ်ပါတယ်။ အနာဂတ်ရဲ့ မျိုးဆက်သစ်ဘောလုံးသမားလေးတွေ ဖြစ်လာမယ့် ကလေးငယ်တွေရဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ တက်ကြွတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံ-MFF The post ၂၀၂၆ နွေရာသီ အခြေခံဘောလုံးသင်တန်းက ကလေးငယ်များရဲ့ ပုံရိပ်များ appeared first on Popular .

Go to News Site