Popular Journal
Credit to Popular Journal - သတ်မှတ်ထားသည့် ၄၈ နာရီ အချိန် မကုန်ဆုံးမီ နာရီပိုင်းအလိုတွင် အီရန်နှင့် ဆွေးနွေးမှုများ၌ သိသာထင်ရှားသော တိုးတက်မှုများရှိခဲ့ကြောင်း အကြောင်းပြကာ အီရန်စွမ်းအင်ကဏ္ဍအပေါ် လေကြောင်းမှ တိုက်ခိုက်မည့်အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း သမ္မတ ထရမ့်ကကြေညာခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း “အသေးစိတ်ကျပြီး အပြုသဘောဆောင်သော” ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံများအပေါ် တိုက်ခိုက်မှုကို ရွှေ့ဆိုင်းထားရန် စစ်ရေးဝန်ကြီးဌာနကို သမ္မတက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ယခု ရွှေ့ဆိုင်းမှုသည် ယာယီသာဖြစ်ပြီး ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် ဆွေးနွေးမှုများ၏ အောင်မြင်မှုအပေါ်တွင်သာ မူတည်သည်ဟုလည်း သူကဆိုပြန်သည်။ အိမ်ဖြူတော်ဘက်က ဆွေးနွေးမှုများ တိုးတက်မှုရှိသည်ဟု ဆိုသော်လည်း အီရန်အစိုးရပိုင် မီဒီယာများနှင့် တော်လှန်ရေး အစောင့်တပ်ဖွဲ့ နှင့် နီးစပ်သည့် အေဂျင်စီများကမူ “မည်သည့် ဆွေးနွေးမှုမှ မရှိခဲ့ကြောင်း” ဆိုကြပြီး အစိုးရရုပ်သံက […] The post အီရန် စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မည့်အစီအစဉ်ကို ၅ ရက် ရွှေ့ဆိုင်းကြောင်း ထရမ့်ကြေညာပြန် appeared first on Popular .
Go to News Site