Popular Journal
Credit to Popular Journal - စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ကိုဗဟိုပြု၍ မတ် ၂၃ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ လေရှီးမြို့၏ အရှေ့တောင်ဘက်(၁၂)မိုင်ခန့်အကွာ၊ အ နက်(၅၉)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ည ၁၁ နာရီ ၅၇ မိနစ် ၅၀ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၁၄ မိနစ် ၁၁ စက္ကန့်ကလည်း ပျဉ်းမနားမြို့၏ အနောက်တောင်ဘက်(၅)မိုင်ခန့်အကွာ၊ အ နက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ The post မတ် ၂၃ ရက်၏ ဒုတိယမြောက်ငလျင် လေရှီးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ appeared first on Popular .
Go to News Site