Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံရှိ ဆန်စပါးလုပ်ငန်းနယ်ပယ်တစ်လျှောက်တွင် ငွေပေးချေမှုများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန် အစီအစဉ်အသစ်တစ်ရပ်ကို မကြာမီ စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။ “Rice Industry Cashless Ecosystem” ဟု အမည်ပေးထားသော အဆိုပါအစီအစဉ်သည် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်နေသော တောင်သူလယ်သမားများမှစ၍ ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် တင်ပို့ရောင်းချသူများအထိ အားလုံးပါဝင်နိုင်စေရန် ရည်ရွယ်ထားသည်။ ယင်းစနစ်မှတစ်ဆင့် ငွေပေးချေမှုများကို ပိုမိုလွယ်ကူမြန်ဆန်စေပြီး ဘဏ်ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားသည်။ အဆိုပါ ငွေပေးချေမှုအစီအစဉ်သည် နိုင်ငံတော်၏ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ – ၂၀၃၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) တစ်လျှောက်တွင် ပါဝင်ပတ်သက်နေကြသော တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်တင်ပို့ရောင်းချသူများနှင့် အကျိုးဆောင်ပွဲစားများအားလုံးကို ဘဏ်စနစ်အတွင်းသို့ […] The post မြန်မာ့ဆန်စပါးကဏ္ဍအတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်သစ် စတင်အသုံးချမည် appeared first on Popular .
Go to News Site