Popular Journal
Credit to Popular Journal - အရှေ့အလယ်ပိုင်းဒေသတစ်ခွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ရပ်တန့်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုများမှာ “အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်သည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး တစ်ရက်အကြာဖြစ်သည့် ယနေ့ အင်္ဂါနေ့တွင် အီရန်သည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်လှိုင်းလုံးများဖြင့် ပ-စ်ခတ်တို-က်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အမည်မဖော်လိုသူ အစ္စရေး အဆင့်မြင့်အရာရှိ သုံးဦးက ပြောကြားရာတွင် ထရမ့်သည် သဘောတူညီချက်တစ်ခုရရှိရန် ပြတ်သားစွာ ဆောင်ရွက်နေပုံရသော်လည်း အီရန်အနေဖြင့် ဆွေးနွေးပွဲအသစ်များတွင် အမေရိကန်၏ တောင်းဆိုချက်များကို သဘောတူညီရန် အလွန်ပင် မဖြစ်နိုင်ကြောင်း ဆိုသည်။ တနင်္လာနေ့တွင် ထရမ့်က သူ၏ Truth Social လူမှုကွန်ရက်၌ အီရန်နှင့်ဆွေးနွေးမှုများမှာ “အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်သည်” ဟုမှတ်ချက်ပြုခဲ့ပြီးနောက် အီရန်ဘက်က မည်သည့်ဆွေးနွေးမှုမျှ မပြုလုပ်ရသေးကြောင်း တုံ့ပြန်ခဲ့သည်။ တောင်အာဖရိကနိုင်ငံရှိ အီရန်သံရုံးက X […] The post အီရန်က အစ္စရေးသို့ ဒုံးကျည်များဖြင့် ပ-စ်ခတ်တို-က်ခိုက်၊ ရေလက်ကြားအား ပူးတွဲထိန်းချုပ်မည်ဆိုသည့် ထရမ့်၏ အစီအစဉ်ကို လှောင်ပြောင် appeared first on Popular .
Go to News Site