Popular Journal
Credit to Popular Journal - စက်သုံးဆီသုံးစွဲမှုများလျှော့ချနိုင်ရန် မီးရထားများတိုးချဲ့ပြေးဆွဲခြင်း၊ ဘတ်စ်ကားလိုင်းများပုံမှန်ပြေးဆွဲနိုင်ရေးစဉ်းစားဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ မတ် ၂၄ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေးအစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသည့်ပဋိပက္ခကြောင့် စက်သုံးဆီသုံးစွဲမှုများလျှော့ချနိုင်ရေးနှင့် အများပြည်သူ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မီးရထားများတိုးချဲ့ပြေးဆွဲခြင်း၊ အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်းပြေးဆွဲနိုင်ရေးတို့ကို စဉ်းစားဆောင်ရွက်ရန်၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်ရန် မှာကြားသည်။ စက်သုံးဆီများရှားပါးမှုကို နိုင်ငံတိုင်းတွင်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံတွင်လည်း ယင်း အခက်အခဲကိုကျော် လွှားဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ မကြာမှီ သင်္ကြန်ပွဲတော်ကျင်းပချိန်ရောက်ရှိတော့မည်ဖြစ်ပြီး ယခင်နှစ်ကလည်း မန္တလေးငလျင်ကြီးကြောင့် သင်္ကြန်ပွဲတော်ကို အကန့်အသတ်ဖြင့်သာကျင်းပရန် မေ တ္တာရပ်ခံခဲ့ရပြီး ယခုနှစ်တွင်လည်း စက်သုံးဆီကန့် သတ်ချက်များကြောင့် သင်္ကြန်ပွဲတော်ကိုအကြပ်အတည်းမဖြစ်စေလိုဟု ပြောသည်။ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များသုံးစွဲမှုနှင့်ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ […] The post စက်သုံးဆီသုံးစွဲမှုများလျှော့ချနိုင်ရန် မီးရထားများတိုးချဲ့ပြေးဆွဲခြင်း၊ ဘတ်စ်ကားလိုင်းများပုံမှန်ပြေးဆွဲနိုင်ရေးစဉ်းစားဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတ မှာကြား appeared first on Popular .
Go to News Site