စက်သုံးဆီများကို မှောင်ခိုရောင်းဝယ်မှုများအားထိရောက်စွာဖော်ထုတ်အရေးယူရန် နိုင်ငံတော်ယာယီသမ္မတ မှာကြား
Popular Journal

စက်သုံးဆီများကို မှောင်ခိုရောင်းဝယ်မှုများအားထိရောက်စွာဖော်ထုတ်အရေးယူရန် နိုင်ငံတော်ယာယီသမ္မတ မှာကြား

Credit to Popular Journal - စက်သုံးဆီများကို အမှန်တကယ်အသုံးပြုသူများလက်ဝယ်ရောက်ရှိစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ မတ် ၂၄ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့်သုံးစွဲမှုများစနစ်တကျဖြစ်စေရေးအ စည်းအဝေးတွင် အထက်ပါအတိုင်းမှာကြားခဲ့ခြင်းဖြစ် သည်။ ” စက်သုံးဆီတွေကို အမှန်တကယ်အသုံးပြုတဲ့သူတွေလက်ဝယ်ရောက်ရှိစေဖို့နဲ့ မှောင်ခိုရောင်းဝယ်တာတွေ မရှိစေဖို့ မသမာမှုပြုလုပ်ရောင်းဝယ်နေတာတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူရပါမယ်”ဟု နိုင်ငံ တော်ယာယီသမ္မတက မှာကြားသည်။ ထို့ပြင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သို လှောင်နိုင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေးဆောင် ရွက်ရန်၊ မိမိတို့နိုင်ငံနှင့်မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီ များဝယ်ယူရရှိနိုင်ရေး ချိတ်ဆက်ကြိုးပမ်းဆောင်ရွက်ရန်လည်း မှာကြားသည်။ စက်သုံးဆီရှားပါးမှုကြောင့် သွားလာမှုများခက်ခဲပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာနိုင်၍ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစက်သုံးဆီဖူလုံစွာရရှိစေရေးဆောင်ရွက် ပေးရန်၊ ပြည်သူများအနေဖြင့် အကုန်အကျအသက်သာဆုံးဖြင့် သုံးစွဲနိုင်ရေးဆောင်ရွက်ပေးရန်၊ စက်သုံးဆီဈေးနှုန်းကြောင့် သွားလာမှုစရိတ်များမြင့်မားလာမှုမရှိစေရေးဆောင်ရွက်ပေးရန်၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများသွားလာမှုအဆင်ပြေစေရေးအ တွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်၊ […] The post စက်သုံးဆီများကို မှောင်ခိုရောင်းဝယ်မှုများအားထိရောက်စွာဖော်ထုတ်အရေးယူရန် နိုင်ငံတော်ယာယီသမ္မတ မှာကြား appeared first on Popular .

Go to News Site