ကမ္ဘောဇဖောင်ဒေးရှင်း၏ လှူဒါန်းမှုများ
Popular Journal

ကမ္ဘောဇဖောင်ဒေးရှင်း၏ လှူဒါန်းမှုများ

Credit to Popular Journal - ကမ္ဘောဇဖောင်ဒေးရှင်းမှ အများပြည်သူအသုံးပြုရအဆင်ပြေစေရေးအတွက် ရေသန့်စက်လှူဒါန်းမှုအပါ အဝင် လှူဒါန်းမှုများအားစဥ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်။ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းရှိ ရေသန့်စက်အား ကမ္ဘောဇဖောင်ဒေးရှင်းနာယကမှ အမွှေးနံ့သာပတ်ဖြန်းပြီးဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ပဒုမ္မာစာရီ သီလ ရှင်စာသင်တိုက်ရှိ သီလရှင်(၁၂၀)ပါးအတွက် ငွေကျပ်သိန်း(၁၂၀)နှင့် စားနပ်ရိက္ခာများကိုလှူဒါန်းခဲ့သည်။ ထို့ပြင် မြန်မာ့မီးရထား တောင်ကြီးဘူတာရှိ ဝန်ထမ်းမိသားစုများအတွက် ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများ၊ ဓမ္မဝိဟာရဘုန်ကြီးကျောင်း၊ ကံကြီးဘုန်းတော်ကြီးကျောင်း၊ ချိန်ခါမီ မိဘမဲ့ဘုန်းကြီးကျောင်း၊ YGW မိဘ မဲ့ကျောင်း၊ ဇေတဝန်ကျောင်း၊ ဓမ္မဝိဒူကျောင်းတိုက်များသို့ ဆန်၊ ဆီ တို့ကိုလည်းလှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့သည်။ ထို့အတူ ညိုမီးကျေးရွာတွင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာနေရသူများအား ဆန်၊ ဆီ၊ ဆပ်ပြာ၊ ငါးသေတ္တာ၊ အဂါဗေအမြင်အာရုံ မသန်စွမ်းကျောင်းအတွက် ငွေကျပ်သိန်း(၁၀၀)နှင့် စားနပ်ရိက္ခာများကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ကမ္ဘောဇဖောင်ဒေးရှင်းနာယကမှ အဂါဗေအမြင်အာရုံ မသန်စွမ်းကျောင်း၏ အားကစားရုံကိုလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ The post ကမ္ဘောဇဖောင်ဒေးရှင်း၏ လှူဒါန်းမှုများ appeared first on Popular .

Go to News Site