Popular Journal
Credit to Popular Journal - ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊အွန်လိုင်းလိမ်လည်မှုများ၊ဒုစရိုက်မှုများကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား(၁)ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ ၎င်းအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ်(၂)ချစ် ကြည်ရေးတံတားမှတစ်ဆင့်လွှဲပြောင်းပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၆၁၆)ဦးကိုထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၁၃,၃၃၆)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၁,၂၈၀)ဦးမှာလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ရာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ The post အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားကိုထပ်မံလွှဲပြောင်း appeared first on Popular .
Go to News Site