အစိုးရသစ်၏ ပထမဦးဆုံးနိုင်ငံတော်အဆင့်အခမ်းအ နားအဖြစ် ၂ဝ၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်အား နေပြည်တော်ရင်ပြင်၌ကျင်းပမည်
Popular Journal

အစိုးရသစ်၏ ပထမဦးဆုံးနိုင်ငံတော်အဆင့်အခမ်းအ နားအဖြစ် ၂ဝ၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်အား နေပြည်တော်ရင်ပြင်၌ကျင်းပမည်

Credit to Popular Journal - အစိုးရသစ်၏ ပထမဦးဆုံးနိုင်ငံတော်အဆင့်အခမ်းအ နားအဖြစ် ၂ဝ၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်သ င်္ကြန်အား နေပြည်တော်ရင်ပြင်၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲတစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအတူပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့်ဆင်နွှဲမည့် အနှစ်သာရရှိသည့်ပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။ လမ်းလျှောက်သင်္ကြန်ပွဲတော်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုသိရှိနိုင်စေရန် သင်္ကြန်မဏ္ဍပ်ဇုန်များ၊ ဖျော်ဖြေရေးဇုန်များ၊ သနပ်ခါးသင်္ကြန်ဇုန်များအ ပြင် လက်ဖက်နှင့် ရိုးရာထမနဲတို့ဖြင့် တည်ခင်းဧည့်ခံသည့်ပြကွက်များကိုလည်း ဇုန်များအလိုက်ထည့်သွင်း ၍ ခမ်းနားစွာပြသသွားမည်ဖြစ်ပြီး နိုင်ငံကျော်တေးသံ ရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပေါ်လွင်စေမည့် အစီအစဉ်ကောင်းများကိုလည်းထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းတွင်လည်း လမ်းလျှောက်သင်္ကြန် ပွဲတော်များကျင်းပသွားမည်ဖြစ်၍ နိုင်ငံကျော်တေးသံ ရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များကို နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း၌ထည့်သွင်းကျင်းပရာ၌ အနု ပညာရှင်များ သွားလာရေးအတွက် သီးခြားရထားလက်မှတ်များစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ […] The post အစိုးရသစ်၏ ပထမဦးဆုံးနိုင်ငံတော်အဆင့်အခမ်းအ နားအဖြစ် ၂ဝ၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်အား နေပြည်တော်ရင်ပြင်၌ကျင်းပမည် appeared first on Popular .

Go to News Site