Popular Journal
Credit to Popular Journal - ယနေ့ မတ်လ (၂၅) ရက်မှစတင်ပြီး ရန်ကုန်မြို့ပတ်လမ်းပို င်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့် စတင်ပြေးဆွဲလျ က်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်း (Battery Electric Locomotive-BEL)များဖြင့် ရန်ကုန် မြို့ပတ်ရထားများတွင် စတင်ပြေးဆွဲခြင်း အခမ်း အနားကို ယနေ့ နံနက် (၇) နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံ ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရ ထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ(၄)တွဲနှင့် ဘရိတ်တွဲ (၁) တွဲ ချိတ်ဆက်အသုံးပြု၍ […] The post ဘက်ထရီလျှပ်စစ်စက်ခေါင်းများဖြင့်မြို့ပတ်ရထားများ စတင်ပြေးဆွဲ appeared first on Popular .
Go to News Site