Popular Journal
Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းအတွက် ပြည်တွင်း၌ ဝေဖန်မှုများခံနေရသော အင်ဒိုနီးရှားသမ္မတက ၎င်း၏ နိုင်ငံသည် အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရေးအတွက် ဝင်ကြေး ဒေါ်လာ ၁ ဘီလျံကို ပေးဆောင်မည်မဟုတ်ကြောင်း အခိုင်အမာပြောကြာခဲ့သည်။ ဂျကာတာသည် အဆိုပါအစီအစဉ်အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များကို စေလွှတ်ရန်သာ ကတိပြုခဲ့ကြောင်း သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက တနင်္ဂနွေနေ့က သမ္မတ၏ ယူကျူ့ဘ်ချန်နယ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ ထရမ့်ပ်အစိုးရသည် ဂါဇာတွင် ၂ နှစ်ကြာလာသော ပြင်းထန်သည့် စစ်ပွဲကို ရပ်တန့်စေရန်အတွက် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းပြီးနောက် ကာတာ၊ အီဂျစ်တို့နှင့် ပူးပေါင်း၍ အောက်တိုဘာလတွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဘုတ်အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လိုသော နိုင်ငံများသည် ဒေါ်လာ ၁ ဘီလျံပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါဘုတ်အဖွဲ့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ငွေပေးချေသည့်ပုံစံဖြစ်လာနိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သော ပရာဘိုဝိုသည် ဘုတ်အဖွဲ့တွင် ပါဝင်ခြင်းနှင့် ဂါဇာသို့ […] The post ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်ကြေး ဒေါ်လာ ၁ ဘီလျံကို အင်ဒိုက မပေးပါ–ပရာဘိုဝို appeared first on Popular .
Go to News Site