Popular Journal
Credit to Popular Journal - နူးဒေလီ၊ မတ်လ ၂၄ ရက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အင်္ဂါနေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ပြီး၊ လက်ရှိအရှေ့အလယ်ပိုင်း အခြေအနေများနှင့် ဟော်မုဇ်ရေလက်ကြားကို အမြဲဖွင့်လှစ်ထားရှိရန် အရေးကြီးမှုတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဝန်ကြီးချုပ်မိုဒီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော အိတ်စ်တွင် ရေးသားဖော်ပြရာ၌ ၎င်းနှင့် သမ္မတထရမ့်ပ်တို့သည် အရှေ့အလယ်ပိုင်း အခြေအနေများအပေါ် “အသုံးဝင်သော အမြင်ချင်းဖလှယ်မှုများ” ပြုလုပ်ခဲ့ကြသည်။ “အိန္ဒိယနိုင်ငံအနေနဲ့ တင်းမာမှုတွေ လျှော့ချရေးနဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးပြန်လည်ဖော်ဆောင်ရေးကို ထောက်ခံပါတယ်။ ဟော်မုဇ်ရေလက်ကြားကို လုံခြုံစိတ်ချရပြီး လူတိုင်းဝင်ထွက်သွားလာနိုင်အောင် အမြဲဖွင့်လှစ်ထားဖို့က တစ်ကမ္ဘာလုံးအတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြိုးပမ်းမှုတွေမှာထိတွေ့ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” ဟု မိုဒီက ရေးသားခဲ့သည်။ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆာဂျီယို ဂေါ ကလည်း […] The post မိုဒီနှင့်ထရမ့်ပ်တို့ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခွင့်ကိစ္စရပ်များဆွေးနွေး appeared first on Popular .
Go to News Site