Popular Journal
Credit to Popular Journal - ကျိုက်ထိုမြို့တွင် စည်းကမ်းမဲ့အသံချဲ့စက်များ ဆူညံအောင်ဖွင့်နေခြင်းကြောင့် ပြည်သူအချို့က ကျန်းမာရေးဌာနသို့ လာရောက်တိုင်ကြားနေကြကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံက အသိပေးထုတ်ပြန်ထားသည်။ ယမန်နေ့ မတ် ၂၄ ရက်အထိ အသံချဲ့ စက် ဖွင့်လှစ်သူများကို အရေးယူပေးရန် မြို့နယ်ကျန်းမာရေးဌာနသို့ လာရောက်တိုင်ကြားသူ (၁၀) ဦး ထက်မနည်းရှိနေပြီဖြစ်ကြောင်း ဆိုသည်။ အဆိုပါ အသံချဲ့စက်များကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၏ ကျန်းမာရေးစိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ဆိုထားသည်။ “ဒီအခြေအနေကို ကျန်းမာရေးရှုထောင့်ကရော၊ လူသားဆန်မှု ရှုထောင့်ကပါ ကြည့်မယ်ဆိုရင် တကယ်ကို စိုးရိမ်စရာကောင်းတဲ့အဆင့်ကို ရောက်ရှိနေတာမို့ အခုလိုပဲ ပြတ်ပြတ်သားသား ပြောပါရစေ။ ပတ်ဝန်းကျင်ကလူတွေ နားစည်ကွဲမတတ် ခံစားနေရတာကို သိသိကြီးနဲ့ အသံကုန်ဖွင့်ထားကြတာ” ဟု ကျိုက်ထိုမြို့နယ် ကျန်းမာရေးဦးစီးဌာနက ဆိုသည်။ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေတွင် အသံချဲ့စက် […] The post ကျိုက်ထိုမြို့တွင် စည်းကမ်းမဲ့အသံချဲ့စက်များ ဆူညံအောင်ဖွင့်နေခြင်းကြောင့် ပြည်သူအချို့ ကျန်းမာရေးဌာနသို့ လာရောက် တိုင်ကြား appeared first on Popular .
Go to News Site