မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရာမညအသင်း ဖျက်သိမ်း
Popular Journal

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရာမညအသင်း ဖျက်သိမ်း

Credit to Popular Journal - မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သည့် ရာမညအသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အသင်းပိုင်ရှင် ဦးသင်းမောင်စိုးက လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ရေးသားသည်။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရာမညအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် -၁ မှ လိဂ်-၂ ကို တန်းဆင်းခဲ့ရသည့် အသင်းတစ်သင်း ဖြစ်သည်။ အသင်းပိုင်ရှင်၏ ထုတ်ပြန်မှုတွင် နည်းပြများနှင့်ကစားသမားများအတွက် ပေးချေရမည့် လစာအားလုံးကိုလည်း ပေးချေပြီးဖြစ်သည်ဟု ဖော်ပြထားသည်။ ရာမညယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် နိုင်ပွဲတစ်ပွဲသာရခဲ့ပြီး သုံးပွဲသရေ၊ ၁၈ပွဲ ရှုံးရလဒ်ဖြင့် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။ The post မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရာမညအသင်း ဖျက်သိမ်း appeared first on Popular .

Go to News Site