Popular Journal
Credit to Popular Journal - မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်မြင့်အောင်ကွယ်လွန်ခြင်းအတွက်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံသို့ ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ ယနေ့ မတ်လ (၂၅)ရက်နေ့၌ ဦးတင်မြင်အောင်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ရေဝေးသုဿန်တွင် မီးသဂြိုဟ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သည့် ဦးတင်မြင့်အောင်သည် မတ်လ (၂၃)ရက် မနက် (၁၁)မိနစ် (၅၀)အချိန်၌ ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးတင်မြင့်အောင်သည် (၉၆)ပါးရောဂါဝေဒနာဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ ကွယ်လွန်ချိန်၌ အသက်(၅၉)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်း၏ ဘောလုံးသမိုင်းဖြတ်သန်းစဉ်အရ အကောက်ခွန်အသင်းနှင့် မြန်မာလက်ရွှေးစင်ကစားသမားဘဝတွင် အောင် မြင်မှုများ ရယူပေးနိုင်ခဲ့သူဖြစ်သလို ၊ ငွေခေတ်လက်ရွေးစင်ဘောလုံးသမားတစ်ဦးဟုလည်း ဆိုနိုင်သည်။ ဦးတင်မြင့်အောင်သည် ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်း မြန်မာ့လက် ရွေးစင်အသင်း၊ မြန်မာအမျိုးသမီးလက် ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းတို့ကိုလည်း နည်းပြချုပ်အဖြစ် […] The post မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးတင်မြင့်အောင်ကွယ်လွန်ခြင်းအတွက်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုက ဝမ်းနည်းခြင်းသဝဏ်လွှာ ပေးပို့ appeared first on Popular .
Go to News Site