Popular Journal
Credit to Popular Journal - မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို,ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ကေစီအန်အေသတင်းဌာနက မတ်လ ၂၆ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။ မတ်လ ၂၅ ရက် နေ့က ကင်မ်အီလ်ဆွန်းရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သော ကြိုဆိုပွဲအခမ်းအနား၌ မစ္စတာကင်မ်သည် မစ္စတာ လူကာရှန်ကို,ကို ဝမ်းမြောက်စွာတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နွေးထွေးစွာကြိုဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။ မစ္စတာ လူကာရှန်ကိုသည် မစ္စတာကင်မ်၏ ဖခင်နှင့် အဖိုးတို့၏ ရုပ်ကလာပ်များကို မြှုပ်နှံထားရာ Kumsusan Palace of the Sun သို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားထိပ်တန်းအရာရှိများ ခြံရံလျက် ဂါရဝပြုခဲ့ကြောင်းလည်း ဆက်လက်ဖော်ပြခဲ့သည်။ မစ္စတာ လူကာရှန်ကိုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုယ်စား ပန်းစည်းချဂါဝရပြုခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။ နောက်အခမ်းအနားတစ်ခုတွင် မစ္စတာ လူကာရှန်ကိုသည် မစ္စတာ ကင်မ်နှင့်အတူ ကိုရီးယားလွတ်မြောက်ရေးစစ်ပွဲအတွင်း ၎င်းတို့၏ […] The post ပြုံယမ်းသို့ရောက်ရှိလာသော ဘီလာရုစ်သမ္မတကို ကင်မ် ကြိုဆို appeared first on Popular .
Go to News Site