Popular Journal
Credit to Popular Journal - ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများတွင် နောက်ကွယ်မှ ပါဝင်ကူညီသူများအား အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက ယမန်နေ့( မတ်လ ၂၅ ရက်) တွင် ထုတ်ပြန်ထားသည်။ အရေးယူမည့် ပုံစံသည် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုသူများကို စုံစမ်းဖော်ထုတ်ပြီး ကာလသတ်မှတ်ချက်ဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist)ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ ထုတ်ပြန်ချက်တွင် ပြည်ပမှ အမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားအဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်နိုင်ခြင်းဖြင့် နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို မြှင့်တင်ပေးနိုင်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝကိုလည်း အပြည့်အဝ အကာအကွယ်ပေးနိုင်မည်ဟု ဆိုသည်။ ထို့ပြင် လုပ်ငန်းခွင် အာမခံချက်မရှိဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင် သွားရောက်သူများသည် ဥပဒေအရ အကာအကွယ်မဲ့ခြင်း၊ လုပ်အားခ ဦးပုံဖြတ်ခံရခြင်းနှင့် ပြည်နှင်ဒ-ဏ်ခံရနိုင်ခြင်းတို့ ရှိသည်ဟုလည်း သတိပေးထားသည်။ […] The post ပြည်ပထွက်ခွါခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည် appeared first on Popular .
Go to News Site