Popular Journal

မည်သည့်အပစ်အခတ်ရပ်ဆဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်–အီရန်

Credit to Popular Journal - အမေရိက၊ အစ္စရေးတို့နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတိုင်းတွင် လက်ဘနွန်ပါဝင်ရမည်ဟု အီရန်က ကြားဝင်ညှိနှိုင်းသူများကို ပြောကြားခဲ့ကြောင်း အီရန်၏ ရပ်တည်ချက်ကို သိရှိသော ဒေသတွင်းသတင်းရင်းမြစ်ခြောက်ခုက ပြောကြားခဲ့ပြီး စစ်ပွဲပြီးဆုံးခြင်းသည် အစ္စရေး၏ ဟေ့ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်မှုကို ရပ်တန့်ခြင်းနှင့်ဆက်စပ်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ တေရန်သည် စစ်ပွဲအဆုံးသတ်စေမည့် အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်ရယူမှုတိုင်းတွင် အီရန်နှင့် ဒေသတွင်း အခြား တော်လှန်ရေးအုပ်စုများ နှစ်ခုစလုံးပါဝင်ရေးကို လိုလားကြောင်း အီရန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်ဟု အီရန်၏ ပရက်စ်တီဗီသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။ အီရန်အကြီးတန်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ရိုက်တာသတင်းဌာနကို ပြော ကြားရာ၌ တေရန်သည် တစ်လနီးပါးကြာပြီဖြစ်သော ဒေသတွင်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိက၏ အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ဆိုခဲ့ကာ တေရန်အနေဖြင့် အဆိုပြုချက်ကို ယခုအချိန်အထိ ယတိပြတ်ငြင်းပယ်ခြင်းမပြုသေးသည့်သဘောကို ဖော်ပြခဲ့သည်။ Ref: […] The post မည်သည့်အပစ်အခတ်ရပ်ဆဲမှုမဆိုတွင် လက်ဘနွန်လည်းပါရမည်–အီရန် appeared first on Popular .

Go to News Site